International News

တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲကြောင့် ဟောင်ကောင်ဒေသ၌ စတော့ရှယ်ယာ ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံထားသည့် Baidu အား BAT အဖြစ် ဆောင်ရွက်သွားမည်

Last Updated:

အမေရိကန်အစိုးရမှ နိုင်ငံခြားကုမ္ပဏီများစာရင်းအား ၎င်း၏ စတော့ရှယ်ယာများဖြင့် ထိန်းချုပ်ဆောင်ရွက်လျက်ရှိပြီး Baidu သည် စ‌တော့ရှယ်ယာများခန့်မှန်းသည့် Nasdaq ၏ စာရင်းအရ တရုတ်- အမေရိကန်ကုန်သွယ်ရေးစစ်ပွဲကြောင့် ဟောင်ကောင်၏ စတော့ရှယ်ယာ၌ ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံထားကြောင်း၊ Baidu သည် ဟောင်ကောင်စတော့ရှယ်ယာ၌ ဒုတိယစာရင်းဝင်သကဲ့သို့ အခြားသောနေရာများတွင်လည်း ဆောင်ရွက်နိုင်ရန် ဆွေးနွေးလျက်ရှိကြောင်း၊ အမေရိကန်၏ စည်းမျဉ်းအရ ကုမ္ပဏီ၏ စာရင်းများအား (၃) နှစ်အတွင်း စစ်ဆေးနိုင်ြခင်းမရှိသည့် ကုန်သွယ်လုပ်ငန်းများအား ကန့်သတ်ပိတ်ပင်မည်ဟု အမေရိကန်အထက်လွှတ် ‌ေတာ်က ၂၁-၅-၂၀၂၀ ရက်နေ့က အတည်ပြုခဲ့ကြောင်း၊ ၂၀၀၅ ခုနှစ်တွင် Nasdaq exchange စာရင်းဝင် ပေကျင်းအခြေစိုက် Baidu သည် အမေရိကန်တွင် ပထမဆုံး ဈေးကွက်ဖြစ်ကြောင်း၊ Baidu အား ဟောင်ကောင်၌ စာရင်းပါဝင်ပါက ၂၀၁၉ ခုနှစ်က ဟောင်ကောင်စတော့ရှယ်ယာ၌ ဒုတိယစာရင်းဝင်သည့် Alibaba နှင့် ၂၀၁၄ ခုနှစ်ကတည်းက ဟောင်ကောင်၌ ပထမဆုံးလုပ်ကိုင်ခဲ့သည့် Tencent တို့နှင့်ပေါင်းစပ်၍ သုံးခုပါဝင်သည့် Trio BAT အဖြစ် တစ်နေရာတည်းတွင် ကုန်သွယ်မှုလုပ် ကိုင်နိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံမှ တရုတ်စတော့ရှယ်ယာကုမ္ပဏီများအပေါ် တင်းကျပ်စွာထိန်းချုပ်မည်ကို စိုးရိမ်လျက်ရှိကြောင်း၊ e-commerce လုပ်ကိုင်သည့် JD.com သည်လည်း ဟောင်ကောင်၌ ဒုတိယဈေးကွက်စာရင်းဝင်ရန် ၁၈-၅-၂၀၂၀ ရက်နေ့က စတင်လုပ်ကိုင်ခဲ့ကြောင်း၊ ပြည်ပစာရင်းစစ် များအား တရုတ်စာရင်းစစ်အဖွဲ့နှင့် ရင်းနှီးကျွမ်းဝင်သော တရုတ်နိုင်ငံစာရင်းဝင် လုပ်ငန်းများကိုသာ စစ်ဆေးခွင့်ပြုထားရာ အမေရိကန်နိုင်ငံမှလည်း စိုးရိမ်ပူပန် လျက်ရှိကြောင်း၊ အမေရိကန်အာမခံလက်ခံရရှိခြင်း (American Depositary Receipts –ADRs) မှာ တရုတ်ကုမ္ပဏီများအတွက် မကြာမီ ရက်သတ္တပတ် ကာလက ဖိအားများ ပိုများလာကြောင်း၊ ယခုရက်သတ္တပတ် အစောပိုင်းက Luckin Coffee အား Nasdaq က ကုမ္ပဏီစာရင်းမှ ဖယ်ရှားခဲ့ကြောင်း၊ ၁၅-၁၂-၂၀၁၇ ရက်နေ့ မတိုင်ခင် စာရင်းပြုစုထားသည့် တရုတ်ကုမ္ပဏီများအတွက် ဟောင်ကောင်၌ စတော့ရှယ်ယာ ရင်းနှီးမြှုပ်နှံရန် ဒုတိယနေရာလျေှာက်ထားရာတွင် ရှယ်ယာပိုင်ရှင်များ အား အကာအကွယ်‌ပေးမှုစံနှုန်းများအား ပြင်ဆင်ရန် ကတိကဝတ်မရှိသောကြောင့် ပိုမိုအဆင်ပြေနိုင်ကြောင်း၊ ဈေးကွက်ကြီးမားသည့် တရုတ် ADR ကုမ္ပဏီများကို သာ ဟောင်ကောင်စတော့ရှယ်ယာ ဒုတိယနေရာ၌ သတ်မှတ်မည်ဖြစ်ပြီး ဈေးကွက်သေးငယ်သည့် တရုတ် ADR ကုမ္ပဏီများအား ဟောင်ကောင်စာရင်း၌ မသတ်မှတ် ခင် အမေရိကန်နိုင်ငံမှ ဦးစွာ စာရင်းမှပယ်ရှားခြင်းမှာ အကောင်းဆုံး ရွေးချယ်မှုဖြစ်မည်ဖြစ် ကြောင်းဖော်ပြထားပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Source: South China Morning Post (22-5-2020)

Category: International News